Skip to content

Latest commit

 

History

History
37 lines (19 loc) · 5.01 KB

CONTRIBUTING.md

File metadata and controls

37 lines (19 loc) · 5.01 KB

ပူးပေါင်းပါဝင်ခြင်း (Contributing)

သင်၏ အကြံပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများ လိုအပ်နေပါသည်။ ဤအတွက် ပူးပေါင်းပါဝင်ပေးရန် ဖိတ်ခေါ်အပ်ပါသည်။

အထွေထွေသုံးသပ်ချက်များနှင့် အကြံဉာဏ်များပေးရန်

အထွေထွေသုံးသပ်ချက်များနှင့် အကြံဉာဏ်များပေးနိုင်ရန်အတွက် Facebook (သို့) Gitter channel များမှတဆင့် ဆွေးနွေးနိုင်ပါသည်။

စကားလုံးများနှင့် Code ပိုင်းဆိုင်ရာ အမှားများအတွက် တင်ပြရန်

စကားလုံးများနှင့် Code ပိုင်းဆိုင်ရာ အမှားများအတွက် အကြံဉာဏ်များပေးလိုလျှင် Github issues ကိုအသုံးပြု၍ တင်ပြနိုင်ပါသည်။

စကားလုံးများနှင့် Code ပိုင်းဆိုင်ရာ ထပ်မံဖြည့်သွင်းပါဝင်ရေးသားခြင်း

စကားလုံးများနှင့် Code ပိုင်းဆိုင်ရာ ထပ်မံဖြည့်သွင်းပါဝင်ရေးသားခြင်းဖြင့်ကူညီလိုပါက လွယ်ကူစွာ ပါဝင်ရေးသားနိုင်ရန်အတွက် လမ်းညွှန်ချက်အချို့ကို အကြမ်းဖျင်းဖော်ပြလိုက်ပါသည်။

(၁) မိမိဖြည့်စွက်ပြင်ဆင်လိုသောအချက်များသည် အခြားသူများ လုပ်ဆောင်ထားခြင်း ရှိ၊မရှိ GitHub Pull Request တွင်စစ်ဆေးနိုင်ပါသည်။

(၂) ဤ repo အား fork လုပ်ပြီး topic ဆိုသော အမည်နှင့် branch တစ်ခုကို ဖန်တီးလိုက်ပါ။

(၃) အဲဒီ git branch အသစ်မှာ ဖြည့်စွက်ပြင်ဆင်လိုသည်များကို ပြုလုပ်လိုက်ပါ။

(၄) အဲဒီနောက် ပြင်ဆင်ဖြည့်စွက်ထားသည်များကို commit လုပ်ပါ။ Commit message ရိုက်ရာ၌ ပြန်လည်ဖတ်ရှုရာတွင် အဆင်ပြေစေရန်နှင့် တူညီသော ပုံစံတစ်ခုဖြစ်စေရန်အတွက် commit message conventions လမ်းညွှန်မှာ အသေးစိတ်ဖော်ပြထားပါသည်။

(၅) Local မှာ ရှိနေသော branch ကို GitHub မှာရှိတဲ့ သင့်ရဲ့ forked repo ဆီ push လုပ်လိုက်ပါ။

(၆) GitHub myanmartools/myanmar-words ဆီသို့ pull request လုပ်လိုက်ပါ။

(ရ) အကယ်၍ CLA လက်မှတ် မရေးထိုးရသေးရင် သင့်ရဲ့ pull request မှာ ရေးထိုးဖို့ ပေါ်လာပါလိမ့်မည်။ အဲဒီမှာ Details link ကို click ပြီး CLA ကို ဖတ်ကြည့်နိုင်ပါသည်။ သင့် Github account ကို အသုံးပြု၍ sign in ဝင်ပြီး CLA ကိုလက်မှတ်ရေးထိုးလိုက်ပါ။

သင့်ရဲ့ ပူးပေါင်းပါဝင်ရေးသားခြင်းအတွက် ကျေးဇူးတင်ပါသည်။ Pull Request ကို merge လုပ်ပြီးသွားရင် သင့်ရဲ့ 'topic' branch ကိုဖျက်ပစ်နိုင်ပါသည်။

ခွင့်ပြုချက်

သင့်ရဲ့ ပူးပေါင်းပါဝင်ခြင်းများသည် ဤ reposity မှာပါရှိသည့် LICENSE file အတိုင်း ခွင့်ပြုချက်ပေးသည်ဟု သဘောတူပြီးသား ဖြစ်ပါလိမ့်မည်။